My - SOUP Development Program(Management for Youth)(Sociology,Optimism,Universality,Personality)

Description

ယနေ့ ၂၁ ရာစုကိုပညာရှင်များကအသိပညာခေတ်ဟုပညာရှင်များက တစ်ညီတစ်ညွတ်တည်းသတ်မှတ်ထားကြသည်။"ပညာခေတ်"ဟုဆိုလျင် "ပညာကိုမည်သို့ဖြန့်ဝေပြီး မည်သို့လေ့လာသင်ယူမည်ဆိုသောသင်ကြားမှုနှင့်ဆက်စပ်နေသည်။ထိုကြောင့် ၂၁ရာစုကို သင်ကြားမှုလူ့အဖွဲ့အစည်း (Learning Society) ဟုလည်းခေါ်သည်။ထိုသင်ကြားမှုလူ့အဖွဲ့အစည်းတွင် အရွယ်သုံးပါးစလုံးပါဝင်နေသည်။ပညာသင်မှုတွင် အသက်အရွယ်အပိုင်းအခြားအလိုက်အလိုက် အရေးပါနေသော်လည်းတကယ်တမ်းတွင် ကလေးသူငယ်ဘ၀ကရှေးဦးသင်ကြားမှုသည်သာ ဘ၀တစ်လျောက်လုံးတွင်အရေးပါသည် ကိုတွေ့ရမည်ဖြစ်သည်။ ကလေးသူငယ်ဘ၀ကတည်းကအသိပညာကိုမည်သို့သင်ယူလေ့လာလာခဲ့ရသလဲဆိုသောအခြေအနေပေါ်မှုတည်ပြီး အနာဂတ်လူကြီး ဘ၀တွင်လည်းကွာခြားချက်များရှိလာလိမ့်မည်။ထိုကြောင့်ခလေးသူငယ်တို့၏ရှေးဦးပညာရေးနှင့်သင်ကြားရေး (Early Learning and Education) သည်ကလေး၏အနာဂတ်ဘ၀တစ်လျောက်လုံးအရေးပါနေသည် ဘ၀ကိုမည်ကဲ့သို့နေထိုင်ထုဆစ်မလဲဆိုသည့်မျှော်မှန်းချက်များတွင် သက်ရောက်နေလိမ့်မည်။အထူးသဖြင့် ကလေးငယ်တို့၏ ရုပ်ပိုင်းဘ၀ဖွံ့ဖြိုးမှုနှင့်စိတ်ပိုင်းဘ၀ဖွံ့ဖြိုးမှု( Growth and Development)ဟန်ချက်ညီစွာတိုးတက်လာဖို့ အရေးကြီးသလိုအသက်အရွယ်အလျောက်သိမြင်နားလည်မှုသည်လည်းအရေးကြီးပါသည်။လူ့ဘ၀တွင် ခန္ဓ္ဓာကိုယ်ရုပ်ပိုင်း အရဖွံ့ဖြိုးမှုနှင့် စိတ်ပိုင်းဆိုင်ရာရင့် ကျပ်တည်ငြိမ်မှုသည် ဒင်္ဂါးပြား၏ခေါင်းနှင့်ပန်းကဲ့သို့ဒွန်တွဲလျက်ရှိသည်။ လူကြီးဘ၀ဖြတ်သန်းမှုတွက်အခြေခံကျသောကလေးသူငယ်ဘ၀၏ရုပ်ပိုင်းနှင့်စိတ်ပိုင်းဖွံ့ဖြိုးမှုတွက် သင်ကြာူမှုနှင့်သင်ယူမှုဟန်ချက်ညီရေးသည်လည်းအလွန်အရေးကြီးလှသည်။

Course Outline

- လူငယ်နှင့်လူမူဆက်ဆံရေး

- လူငယ်နှင့်ခေါင်းဆောင်မှုပညာ

- လူငယ်နှင့်သိပ္ပံပညာ

- လူငယ်နှင့်ကမာ့္ဘရေးရာ

- လူငယ်နှင်တီထွင်ရေး

- လူငယ်နှင့်ဘာသာရေးအမြင်

- လူငယ်နှင့်ယဉ်ကျေးမှု

- လူငယ်နှင့်အနုပညာ

-လူငယ်နှင့်တရားမျှတမှု


Who Attend

မူလတန်း-အလယ်တန်းအဆင့်

အသက် ၁၀နှစ်နှင့်၁၃နှစ်ကြားလူငယ်များ(Level -2)သင်တန်း

Opening Date

Time

Fee